Myanmar Schoolhouse
  • Home
  • About
  • Schoolhouse Library
  • Schoolhouse Game
  • Contact
Myanmar Schoolhouse

Who we are...

About Myanmar Schoolhouse

မင်္ဂလာပါ။ I am an international school teacher and a mother raising my son overseas. I hold a BA in English from Yangon University in Burma, an MS in Special Education (K-12) from Barry University in Miami, Florida, and a Postgraduate Certificate in Teaching Mathematics (K-8) from Lesley University in Cambridge, Massachusetts. Additionally, I hold a professional certification in Special Education (K-12) from the Arizona Department of Education. With over fifteen years of teaching experience in Burma, the U.S., and Thailand, education has always been my passion.
Originally, I created my YouTube channel and website, Myanmar Schoolhouse, as a resource for my son. However, over the past years, it has grown into a valuable learning hub for children from Burma and Burmese migrant communities worldwide. As a parent, I faced the challenge of finding quality Burmese language learning materials for my son. This led me to spend a year teaching Burmese to Burmese American children at a Buddhist monastery in the U.S. as part of a volunteer educational and cultural outreach program organized by a Buddhist monk.
During my time at the monastery, I gained invaluable experience in developing a basic language curriculum, creating engaging teaching materials and activities, and working with children who spoke Burmese at home but couldn’t yet read or write it. Inspired by this experience, I founded Myanmar Schoolhouse to share my knowledge, skills, and passion for teaching. My hope is that it will become a go-to resource for Burmese language learning, providing easily accessible videos and materials for learners everywhere.

မင်္ဂလာပါ။ Myanmar Schoolhouse ကို စတင် တည်ထောင်ဖြစ်တဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကျွန်မရဲ့ သားလေးအတွက် ရည်ရွယ်ပြီး စတင်ခဲ့တာပါ။ ကျွန်မက International School ဆရာမ ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ကနေ BA ဘွဲ့၊ အမေရိကန်နိုင်ငံ Miami, Barry University ကနေ MS in Special Education ဘွဲ့ နဲ့ Cambridge, Lesley University ကနေ Mathematics Teaching Post Graduate Diploma တို့ရရှိခဲ့ပါတယ်။ စာသင်နှစ် ၁၅နှစ် ကျော်မှာ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ နဲ့ အမေရိကန်နိုင်ငံ တွေမှာ စာသင်ခဲ့ပါတယ်။ 

ကျွန်မ နဲ့ ကျွန်မ မိသားစု ပြည်ပနိုင်ငံတွေမှာနေထိုင်စဥ်မှာ ကျွန်မရဲ့ သားလေးကို မြန်မာစာ အခြေခံ စာရေး စာဖတ်ကို လေ့လာ တတ်ကျွမ်းစေချင်ခဲ့ပါတယ်။ သူအားလပ်ချိန်မှာ  မြန်မာစာ သင်ကြားဖို့ သင်ခန်းစာတွေ၊ ဖတ်စရာ စာအုပ်တွေကို ရှာဖွေတဲ့ခါ လွယ်လွယ်ကူကူရှာဖွေလို့ မရခဲ့ပါဘူး။ ဒါကြောင့် YouTube video တွေလုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး Myanmar Schoolhouse YouTube Channel ကိုစတင်ခဲ့ပါတယ်။ ကျွန်မ အရင်က အမေရိကန်နိုင်ငံ Miramar မြို့ မြန်မာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းမှာ မြန်မာစာ အခြေခံ စာရေး စာဖတ်ကို volunteer လုပ်ပြီး တစ်နှစ်ကြာ သင်ကြားခဲ့ဖူးပါတယ်။ အဲ့ဒီကရခဲ့တဲ့ experience တွေနဲ့ ကိုယ်တိုင် ကျောင်းတွေမှာ စာသင်ရင်းရခဲ့တဲ့ experience တွေကိုပေါင်းပြီး Myanmar Schoolhouse ကို မြန်မာစာ အခြေခံ စာရေး စာဖတ်လေ့လာ တတ်ကျွမ်း လိုသူ ကလေး၊ လူကြီး အားလုံး အတွက်ရည်ရွယ်ပြီး စတင်ခဲ့ခြင်းဖြစ်ပါတယ်။ 

How we got the name, Myanmar Schoolhouse

When choosing a name for this website and its YouTube channel, I wanted something that felt both unique and personal. Since this channel was created for deeply personal reasons, I knew I wanted the word “Myanmar” included, as its purpose is to help others learn the Burmese language.
The inspiration for “Schoolhouse” came while reading A Pocketful of Cricket by Rebecca Caudill to my eight-year-old son. After finishing the book, I realized it was the perfect name. According to Merriam-Webster, a "schoolhouse" is a building used as a school, particularly an elementary school. Since I initially created these videos as a mother, helping my son develop basic Burmese reading and writing skills at home, “Myanmar Schoolhouse” felt like a natural fit.
Additionally, the initials “MS” made the name even more meaningful, as they are the initials of my beloved father, who passed away in 2015. He dedicated much of his life to teaching and higher education in Burma, and through this channel, I can share my passion for education while honoring his legacy.

“YouTube" channel နဲ့  ဒီ “website“   ကို နာမည်ဘယ်လိုပေးရမလဲလို့ စတင် စဥ်းစားတဲ့ အခါမှာ နာမည်လေးကို ထူးထူး ခြားခြား လဲဖြစ်၊ ရင်းနှီး ခင်မင်ဖွယ်လဲ ဖြစ်တဲ့ နာမည်ဖြစ်ရမယ်လို့ ရည်ရွယ်ခဲ့ပါတယ်။ ဒီ “YouTube“ channel နဲ့  “website“ က မြန်မာစာ လေ့လာသင်ယူတဲ့ နေရာ ဖြစ်တဲ့ အတွက် “မြန်မာ” ဆိုတဲ့ စာလုံး ပါရှိ ပါတယ်။  “Schoolhouse” ဆိုတဲ့ စာလုံးကိုတော့ ကျွန်မရဲ့ သားလေးကို Rebecca Caudill ရဲ့ “A Pocketful of Cricket” ဆိုတဲ့ စာအုပ်ဖတ်ပြ နေစဥ်မှာ အဲ့ဒီ စာအုပ်ထဲမှာ တွေ့ရှိခဲ့ပါတယ်။ ဒီလိုနဲ့ “Myanmar Schoolhouse” ဆိုတဲ့ နာမည်ကိုရရှိခဲ့ပါတယ်။

“Myanmar Schoolhouse” ရဲ့ ပထမ အက္ခရာ နှစ်လုံးဖြစ်တဲ့ M S က ကျွန်မ ဖခင်ရဲ့  နာမည် ပထမ အက္ခရာ နှစ်လုံးဖြစ်ပါတယ်။ ကျွန်မရဲ့ ဖခင်က ရန်ကုန်တက္ကသိုလ်၊ စစ်တွေတက္ကသိုလ် နဲ့ မော်လမြိုင်တက္ကသိုလ်တွေ မှာ နှစ်ပေါင်း ၄၀ ကျော်စာသင်ကြားခဲ့တဲ့ ပါမောက္ခ ဆရာတစ်ဦးဖြစ်လို့ သူ့ ကို ရည်ရွယ် ဂုဏ်ပြုပြီး “Myanmar Schoolhouse” ဆိုတဲ့ နာမည်ကို ရွေးချယ်ခဲ့ပါတယ်။ 

Powered by Create your own unique website with customizable templates.
  • Home
  • About
  • Schoolhouse Library
  • Schoolhouse Game
  • Contact